Monday, January 9, 2012

လုပ်မှ ရမယ့် အလုပ်


လူ့လောကကို စရောက်လာတာနဲ့တပြိုင်နက် ဘာမှန်းမသိတဲ့ စာချုပ်တခုကို သေမင်းနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ရတယ်၊ အဲ့ဒီတုန်းက ဘာစာချုပ်မှန်းမသိခဲ့ဘူးလေ။ အခုချိန်မှ စာချုပ်ကို ပြန်လှန်ကြည့်မိတော့ စာချုပ်ပါအချက်အလက်တွေက…….. လူ့လောကကိုရောက်ရှိလာသော အမောင်လူသားအား ခန္ဓာတခုကိုငှါးရမ်းပေးအပ်လိုက်သည်၊ ၎င်းခန္ဓာကို ကျွှန်ုပ်သေမင်း ပြန်လှည် တောင်းဆိုသောအချိန်တွင်ချက်ချင်း ပြန်ပေးရမည်။ ဤခန္ဓာအား မိမိငှါးရမ်းသုံးစွဲသောအချိန်မှစ၍ ၎င်းခန္ဓာအတွက် လိုအပ်သော စားဝတ်နေရေး ကျမ္မာရေးမှအစ ကိစ္စအ၀၀တို့သည် ငှါးရမ်းသုံးစွဲသူ အမောင်လူသား၏ တာဝန်သာဖြစ်သည် တဲ့လေ။                                         ကဲ…ခုဘယ်လိုလုပ်မလဲ၊ ပြန်ပေးရမဲ့ အချိန်ကနီးသထက်နီးလာပြီလေ၊ သိတတ်တဲ့အချိန်ကစပြီး ဒီငှါးရမ်းထားတဲ့ခန္ဓာကိုယ်ကြီးအတွက်ပဲ လုပ်ပေးခဲ့ရတယ် သူစားဖို့ သူနေဖို့ သူဝတ်ဖို့တင်အားမရဘူး သူက အဖေါ်လိုချင်တယ်ဆိုလို့ ဘာမှလည်းမတော်စပ်တဲ့ လူတယောက်ကို လက်ထပ်ပြီး ရှာဖွေ ကျွေးမွေးရပြန်ရော လင့်ဝတ်တရားတဲ့၊ မယားဝတ်တရားတဲ့၊ အို… ရှုတ်နေတာပဲ၊ ဒါတင်ပဲလားတဲ့၊ ဘယ်ဟုတ်ရမလဲ သားတွေ သမီးတွေတိုးပွါးလာတော့ ဆက်လက်ပြီး ကျွန်ခံလိုက်ပါဦးတဲ့၊ ကဲခုချိန်ထိ ကိုယ်ပိုင်အလုပ်ကို ဘာမှမလုပ်ရသေးဘူး။ သေမင်းဆီကငှါးထာတဲ့ ခန္ဓာကြီးအတွက်ပဲ လုပ်ပေးနေရင်း တဖြည်းဖြည်း ပြန်ပေးရမဲ့ရက်က ရောက်တော့မယ် ပေးဆပ်ရတာနဲ့ ပြန်ရတာတာ မတန်လိုက်တာကွာ၊ တန်အောင် ကိုယ့်အတွက်အကျိုးရှိအောင် တခုခုတော့လုပ်ရမှာ မဟုတ်လား။ ငါသေသွားတဲံအခါကျတော့ အခုငှါးရမ်းထားတဲံ့ ခန္ဓကိုယ်ကောင်ကြီးနဲ့အတူ ရှာထားဖွေထားတာတွေရော ရွှေတွေ ငွေတွေ တိုက်တွေ ကားတွေ ဇနီးမယားသမီးသားနဲ့ လင်သားအိမ်ရာအဖြာဖြာ အားလုံး အားလုံး ထားခဲ့ရမှာလေ၊ ဒီတော့ သေရင်ကိုယ့်အတွက် ယူသွားလို့ ရမယ့် ဒါန သီလ ဘာဝနာစတဲ့ ပေးကမ်းစွန့်ကျဲ လှုဒါန်းခြင်း၊ ကိုယ့်ကျင့်တရား ကောင်းမွန်အောင် ထိမ်းသိမ်းစောင့်ရှောက်ခြင်း၊ တရားဘာဝနာ ကျင့်ကြံပွါးများအားထုတ်ခြင်းအလုပ်တွေလုပ်နိုင်မှသာ ကိုယ့်အတွက်အမြတ်ရမှာမို့ အမြတ်ကျန်အောင် လုပ်ရတော့မှာပေါ့နော် လုပ်ကိုလုပ်ရမှာတော့မှာနော်။ ကိုယ်လုပ်မှ ကိုယ်ရမဲ့ အလုပ်မို့ မေတ္တာဖြင့် သတိလေး ပေးလိုက်ပါရစေ။ ။

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ