Monday, May 30, 2011

ရေကူးကန်မှ ဟာသလေး

ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ
ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။
ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။
ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင်
အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။

ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို
အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။
ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊
အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ"
ဆိုတာကြောင့်ဖြစ်တယ်။

လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို
ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ
ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ
ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊
အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။

    (ချစ်သူမြို့တော်မှ ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါတယ်...တော်တော်ရယ်ရတယ်နော်)

Sunday, May 29, 2011

အမှိုက်တွေကုန်အောင်ရှင်း

        တနေ့ ခရေပင်ကြီးအောက် တံပျက်စည်းလှဲယင်း တွေးမိတဲ့ အတွေးလေးပါ ၊ အမှိုက်တွေကလည်း လှဲလို့ကို မကုန်နိုင်ဘူး ၊ ရှေ့ကလှဲလိုက် နောက်က သစ်ရွက်တွေက ကျလာလိုက်နဲ့ ၊ အဲ့ဒီတော့ စဉ်းစားမိတယ် ဒီအပင်ကြီး ရှိနေလို့သာ ဒီအမှိုက်တွေကို မရှင်းနိုင်တာပဲ ဒီအပင်ကြီးသာ မရှိတော့ရင် ဒီနေရာမှာ ပြောင်ရှင်း သပ်ရပ် နေမှာပဲပေါ့လေ ။ အဲ့ဒါနဲ့ စိတ်ကူးထဲမှာ အပင်ကြီးကို လှဲပစ်လိုက်တယ် ။ နောက်နေ့ကျတော့ သစ်ရွက်တွေ အမှိုက်တွေ မရှိတော့ဘူးပေါ့....အားလားလား...ဘယ်ဟုတ်မလဲ သစ်ရွက်တင်မဟုတ်ဘူး အမှိုက်ပေါင်းစုံ ရောက်နေပြန်ပြီ ဘာကြောင့်ဘာလိမ့် စဉ်းစားလိုက်တော့ ၊ အော်...မနေ့ညက မုန်တိုင်း ၀င်သွားတာကိုး ။ ကဲဘယ့်နယ်ရှိစ ၊ ဒီအပင်ကြီးမရှိတော့ရင် ဒီအမှိုက်သလိုက်တွေ ရှင်းသွားမှာပါဆို ပိုတောင် ဆိုးနေပါသေးလား။        ။အဲ့ဒီလိုပါပဲ တရားအားထုတ်တယ် ဆိုတာဟာလည်း မိမိရင်ထဲက ကိလေသာ အမှိုက်တွေကို တဖြည်းဖြည်း ပါးသထက် ပါးအောင်လို့ ရည်ရွယ်ပြီး အားထုတ်ကြရတာ မဟုတ်လား ၊ ဒါကြောင့် မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့တယ်လေ လူဟာ လူ့သံယောဇဉ် မဖြတ်ပဲ တရားအားထုတ်ရင် ဘယ်တော့မှ မဂ်ဥာဏ် ဖိုလ်ဥာဏ် မရနိုင်ဘူး ၊ ဆိုတာလေ....ရှေ့က ကိလေသာတွေ ရှင်းထုတ်လိုက် နောက်က တသီကြီးဝင်လာလိုက်နဲ့ သစ်ပင်ကြီးအောက် တပျက်စည်းလှဲနေသလိုပါပဲ ၊ ကဲဒီလိုဆိုလည်း သစ်ပင်ကြီးကို လှဲပစ်လိုက်သလို သံယောဇဉ် အိမ်ကြီးကို လှဲဖြိုလိုက်ကြရအောင်(တရားအားထုတ်နေစဉ်ကာလကိုပြောတာနော် )။ ။ ပြင်ပက ကိလေသာမုန်တိုင်းတွေ ၀င်မလာနိုင်အောင်လည်း တံတိုင်းကြီးကြီးနဲ့ ကြိုတင် ကာကွယ်ထားကြရအောင် ။ ။                                                                                                                                                                                                                       

Tuesday, May 24, 2011

အနာဂါတ်ကိုအလှဆင်မယ်

    လူတိုင်း လူတိုင်း တချိန်ချိန်တုန်းက မလုပ်သင့်တဲ့ အမှားလေး/အမှားကြီးတွေ လုပ်ခဲ့မိကြမှာပဲလေ ။ဒါပေမဲ့     ဖြစ်ပြီးတာတွေ တွေးပြီး စိတ်မကောင်း ဖြစ်နေရင် ကိုယ်ပဲစိတ်ဆင်းရဲနေရမှာနော် စိတ်ဆင်းတာကို ပါဠိလို "ကုက္ကုစ္စ "၊နောင်တ ပူပန်ခြင်း မှားခဲ့လေခြင်း၊ မလုပ်သင့်တာကို လုပ်ခဲ့မိလေခြင်းလို့ တွေးပြီးစိတ်ဆင်းရဲနေတာကို ပြောတာ ။ အရင်တုန်းက မိုက်မဲ တွေဝေခဲ့မိသည့်အလျှောက် လုပ်မိလုပ်ရာ လုပ်ခဲ့မိပေမဲ့ ဒီနေ့ ဒီအချိန်က စပြီး တို့တတွေရဲ့ အနာဂါတ်မှာ ကောင်းတာတွေပဲ ဖြစ်စေရမယ် ။ လူတိုင်း ဖြစ်ဖူးကြမယ် ထင်တယ်နော် ။ တို့တတွေလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးတာပါ ။ ကဲ ဒီနေ့ ဒီအချိန်က စလို့ အတိတ်ကို ပြန်မတွေးတော့ပဲ မိမိရဲ့ အနာဂါတ်ကိုသာ လှပအောင် အလှဆင်ကြရအောင်...........။  ။

Sunday, May 22, 2011

ဒယ်အိုးမလောက်မှာစိုးလို့

      ဒီနေ့ မြို့ထဲကို ဆွမ်းခံထွက်တဲ့အချိန် စဉ်းစားစရာတခု တွေ့ခဲ့သေးတယ်၊ ဆွမ်းလောင်းကြတဲ့သူတွေတော့ တော်တော်လေး များကြတယ် ဒကာတွေကော ဒကာမတွေကော ခလေး လူကြီး အစုံပါပဲ၊ အဲ့ဒီမှာ တွေးမရတာ တခု ရှိတယ် ။ ဘာများလည်းဆိုတော့ ခြေထောက် တစုံပေါ့.....ခြေသည်းလေးတွေမှာ အရောင်တွေ ဆိုးထားလိုက်တာများ အစိမ်းအောက်ခံမှာ အ၀ါရောင်ပန်းပွင့်လေးတွေနဲ့ တော်တော်လေးကိုလှတာ ခြေဖမိုးလေးကလည်း ဖေါင်းဖေါင်း အိအိလေး......အဲ့ဒီလိုများလားပေါ့လေ အတွေးလေးနဲ့ ကြည့်လိုက်မိတော့   အကြောလေးတွေက ဖြူဖွေးနေတဲ့ဖမိုးပေါ်မှာ စိမ်းလို့ ဒါပေမဲ့လေ ပညာရှိတို့ တွေးကြည့်တာ အမြင်နဲ့ တခြားစီ ပဲသိလား အသားအရေတွေက ရွတ်တွပြီး မဲ့ခြောက်တွေနဲ့ ပြည့်လို့ ......အဲ့ဒီမှာစဉ်းစားမိတာပါ ဒီဒကာမအဖွါးကြီး ငါဘယ်အသက် ဘယ်အရွယ် ရောက်နေပြီလည်း ငါ့အသက်အရွယ်နဲ့ သင့်တော်၏ မသင့်တော်၏ မစဉ်းစားမိဘူးထင်တယ်....ကြားဘူးတာလေး တခုရှိတယ် အလှပြင်တာဟာ ကိုကို့အတွက်ပါ ဆိုတာလေ.....အခု ဒီဒကာမ အဖွါးကြီးကတော့ ဘယ်သူ့အတွက်များပါလိမ့် ငရဲပြည် ရောက်လို့ရှိရင် ငရဲမင်းကြီးကို လာဒ်ထိုးဖို့အတွက် ပြင်ဆင်ထားတာထင်တယ်နော်......တကယ်တန်း ပြင်ဆင်ရမှာက အသေမဦးခင်ဥာဏ်ဦးအောင် အလှပြင်ဖို့အချိန်ထက် တရားဘာဝနာ ကျင့်ကြံ ပွါးများ အားထုတ်ဖို့ အချိန်မဟုတ်လား သေမင်းကို လာဒ်ထိုးဖို့အတွက် ဒါတွေကို များများ ယူသွားရမှာ မဟုတ်လား။  တချို့ ရှိသေးတယ် ၊ အန်တီရေ ဘုန်းကြီးကျောင်း သွားရအောင် သီလလေးယူ ဥပုသ်လေးဘာလေးစောင့် ကြရအောင် ဆိုရင် ညီးတို့ပဲသွားကြပါအေ ငါ့မှာအလုပ်တွေ များလွန်းလို့ တဲ့။.......စိတ်တိုတိုနဲ့ ဘာတွေလျှောက်ရေးနေမိလည်း မသိပါဘူး ။ တိုက်ဆိုင်မှုများ ရှိခဲ့ရင်ခွင့်လွတ်ပါလို့ မပြာပါဘူး။ တိုက်ဆိုင်မှုရှိရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပါလို့ပဲ ပြောပါရစေ။ ငရဲပြည်မှာ ဒယ်အိုး မလောက်မှာ စိုးလို့ပါ။။               

Saturday, May 21, 2011

သံယောဇဉ်

အရှင်ဘုရား      မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန် ချမ်းသာကို ရဖို့ရာ လူသည် လူ့သံယောဇဉ်ကို မဖြတ်ပဲ အားထုတ်လို့ ရပါသလား ဘုရား။ ။ ဘယ်သောအခါမှ ဘယ်လောက်ပဲ အားထုတ်အားထုတ်မရနိုင်ဘူး ဒကာတော်မင်းကြီး။အထက်ပါစာပိုဒ်လေး၊ဖတ်လိုက်ရလို့တရားအားထုတ်ဖို့တော့မဖြစ်နိုင်တော့ဘူးထင်တယ် ဆိုပြီး ကြောက်မသွားကြပါနဲ့ဦး။ တကယ်လည်း ဟုတ်ပါတယ် လူဟာ လူ့ သံယောဇဉ်ကို မဖြတ်နိုင်ရင်တော့  ဘယ်လိုမှ တရား ရနိုင်မှာ မဟုတ်ပါ။  ။  ဒီလိုဆိုလိုက်တော့ တပည့်တော်တို့က ဇနီးမယား သမီးနဲ့ သားတိုကို စွန့်ပစ်ရတော့မှာလား ၊ တပည့်တော်မတို့ကလည်း ခင်ပွန်း လင်သား အိမ်ရာတို့ကို စွန့်ပြီး သီလရှင် ၀တ်ရတော့မှာလား ဘုရား လို့မေးစရာ ဖြစ်လာတာပေါ့ နော်။ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး ကြောက်မသွားကြပါနဲ့ ...............၊ဆိုလိုတာက ဒီလိုပါ .....တရားအားထုတ်စဉ် ကာလ အပိုင်းအခြားလေးကို ပြောတာပါ၊...မိမိ တရားအားထုတ်နေတဲ့ တစ်နာရီ(သို့မဟုတ်)နာရီဝက် နှစ်နာရီ စသည်ဖြင့်ပေါ့ ၊အဲ့ဒီ အချိန်လေးမှာတော့ သံယောဇဉ်အားလုံးကို   ဖြတ်ထားနိုင်ရမယ်လေ အဲ့ဒီလိုပါ ။သတိပဌာန် ၀ိပဿနာတရား ရှုမှတ် ပွါးများတဲ့ ရည်ရွယ်ချက်ကိုက လောဘ ဒေါသ စတဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းစင်အောင်(သို့မဟုတ်)နည်းပါးအောင် လျော့ပါးသွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးလား။ ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်လေး ရှိတယ်လေ ၊....ကိလေညစ်ကြေး ကင်းဝေးစေရန် စိုးရိမ်ပူဆွေး ငိုကြွေးကင်းရန် ကိုယ်စိတ်ဆင်းရဲ ချုပ်စဲဘို့၇န် မဂ်နိဗ္ဗာန် အမြန်ဆိုက်ေ၇ာက်၇န် တလမ်းထဲ ပွါးမြဲသတိပဌာန်။ လို့ဆိုထားတယ်လေ ဒီတော့ ကိလေသာ အညစ်ကြေးတွေ ကင်းစင်ကြောင်း အလုပ်ကို လုပ်နေစဉ် ကာလအပိုင်းအခြားလေးမှာတော့ လူ့သံယောဇဉ်လေးတွေ ဖြတ်ထားကြရအောင်....................                                                                      

Friday, May 20, 2011

မလုပ်မိခင် စဉ်းစားဦး

                  အလုပ်တစ်ခုကို မိုက်မဲတွေဝေခဲ့မိသည့်အလျှောက် မစဉ်းစား မဆင်ခြင်ပဲ လုပ်လိုက်တာဟာ ကိုယ်တယောက်တည်း ထိခိုက်တာ မဟုတ်ဘူး၊ တစ်မိသားစုလုံး တလောကလုံး ထိခိုက်တယ်။ ကိုယ့်အကျိုး ထိခိုက်အောင် လုပ်မိလိုက်ပြီ ဆိုတာနဲ့ အများအကျိုးကိုပါ ထိခိုက်သွားတယ်၊ အဲ့ဒီ အချက်ကိုအမြဲတမ်း နှလုံးသွင်း ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်တော့ လုပ်ဖို့ရာ တာဝန်ရှိနေကြတာကြောင့် တို့တစ်တွေ ကျိုးစားကြရအောင်။--------။ ဆရာကြီးလုပ်တာမဟုတ်ဘူးနော် ကျွန်တော်လည်း ကျိုးစားကြည့်နေပါတယ် ။ အခုချိန်ထိတော့ မရသေးဘူး-

Monday, May 16, 2011

အသေမဦးခင်

  ငါသည်တနေ့ မုတ်ချ  သေရမည် အချိန်ပိုင်းသာ လိုတော့သည် အသေမဦးခင် ဥာဏ်ဦးအောင် လုပ်ရမည် ဆိုတော့ ဘာဥာဏ်တွေများပါလိမ့် ဥာဏ်နီ ဥာဏ်နက်တွေကို ပြောတာ ထင်တယ်နော်၊ အဲ့ဒီလိုများလားလို့ တွေးမနေနဲ့ဦးနော် သတိပဌာန်တရားကို ကျင့်ကြံ ပွါးများ အားထုတ်ပြီး သိရှိလာတဲ့ဥာဏ် ၀ိပဿနာဥာဏ်ကိုပြောတာ။ ဇနီးမယား သမီးသားနှင့် လင်သားအိမ်ရာ အဖြာဖြာကိုငဲ့ကာဖင့်နှေး အချိန်ရွေးက သေဘေးသင့်ကိုဦးလိမ့်မည်။ အဲ့ဒါကြောင့် အသေမဦးခင် ဥာဏ်ဦးအောင် လုပ်ကြဖို့ မေတ္တာဖြင့် တိုက်တွန်းပရစေ။ သတ္တ၀ါအားလုံး ကိုစိတ်နှစ်ဖြာ ချမ်းသာစွဖြင့် လိုရာဆန္ဒအသီးသီး ပြည့်ဝ ပြီးစီး အောင်မြင်ကြပါစေ။ ။

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ