Tuesday, May 24, 2011

အနာဂါတ်ကိုအလှဆင်မယ်

    လူတိုင်း လူတိုင်း တချိန်ချိန်တုန်းက မလုပ်သင့်တဲ့ အမှားလေး/အမှားကြီးတွေ လုပ်ခဲ့မိကြမှာပဲလေ ။ဒါပေမဲ့     ဖြစ်ပြီးတာတွေ တွေးပြီး စိတ်မကောင်း ဖြစ်နေရင် ကိုယ်ပဲစိတ်ဆင်းရဲနေရမှာနော် စိတ်ဆင်းတာကို ပါဠိလို "ကုက္ကုစ္စ "၊နောင်တ ပူပန်ခြင်း မှားခဲ့လေခြင်း၊ မလုပ်သင့်တာကို လုပ်ခဲ့မိလေခြင်းလို့ တွေးပြီးစိတ်ဆင်းရဲနေတာကို ပြောတာ ။ အရင်တုန်းက မိုက်မဲ တွေဝေခဲ့မိသည့်အလျှောက် လုပ်မိလုပ်ရာ လုပ်ခဲ့မိပေမဲ့ ဒီနေ့ ဒီအချိန်က စပြီး တို့တတွေရဲ့ အနာဂါတ်မှာ ကောင်းတာတွေပဲ ဖြစ်စေရမယ် ။ လူတိုင်း ဖြစ်ဖူးကြမယ် ထင်တယ်နော် ။ တို့တတွေလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးတာပါ ။ ကဲ ဒီနေ့ ဒီအချိန်က စလို့ အတိတ်ကို ပြန်မတွေးတော့ပဲ မိမိရဲ့ အနာဂါတ်ကိုသာ လှပအောင် အလှဆင်ကြရအောင်...........။  ။

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ