Saturday, May 21, 2011

သံယောဇဉ်

အရှင်ဘုရား      မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန် ချမ်းသာကို ရဖို့ရာ လူသည် လူ့သံယောဇဉ်ကို မဖြတ်ပဲ အားထုတ်လို့ ရပါသလား ဘုရား။ ။ ဘယ်သောအခါမှ ဘယ်လောက်ပဲ အားထုတ်အားထုတ်မရနိုင်ဘူး ဒကာတော်မင်းကြီး။အထက်ပါစာပိုဒ်လေး၊ဖတ်လိုက်ရလို့တရားအားထုတ်ဖို့တော့မဖြစ်နိုင်တော့ဘူးထင်တယ် ဆိုပြီး ကြောက်မသွားကြပါနဲ့ဦး။ တကယ်လည်း ဟုတ်ပါတယ် လူဟာ လူ့ သံယောဇဉ်ကို မဖြတ်နိုင်ရင်တော့  ဘယ်လိုမှ တရား ရနိုင်မှာ မဟုတ်ပါ။  ။  ဒီလိုဆိုလိုက်တော့ တပည့်တော်တို့က ဇနီးမယား သမီးနဲ့ သားတိုကို စွန့်ပစ်ရတော့မှာလား ၊ တပည့်တော်မတို့ကလည်း ခင်ပွန်း လင်သား အိမ်ရာတို့ကို စွန့်ပြီး သီလရှင် ၀တ်ရတော့မှာလား ဘုရား လို့မေးစရာ ဖြစ်လာတာပေါ့ နော်။ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး ကြောက်မသွားကြပါနဲ့ ...............၊ဆိုလိုတာက ဒီလိုပါ .....တရားအားထုတ်စဉ် ကာလ အပိုင်းအခြားလေးကို ပြောတာပါ၊...မိမိ တရားအားထုတ်နေတဲ့ တစ်နာရီ(သို့မဟုတ်)နာရီဝက် နှစ်နာရီ စသည်ဖြင့်ပေါ့ ၊အဲ့ဒီ အချိန်လေးမှာတော့ သံယောဇဉ်အားလုံးကို   ဖြတ်ထားနိုင်ရမယ်လေ အဲ့ဒီလိုပါ ။သတိပဌာန် ၀ိပဿနာတရား ရှုမှတ် ပွါးများတဲ့ ရည်ရွယ်ချက်ကိုက လောဘ ဒေါသ စတဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းစင်အောင်(သို့မဟုတ်)နည်းပါးအောင် လျော့ပါးသွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးလား။ ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်လေး ရှိတယ်လေ ၊....ကိလေညစ်ကြေး ကင်းဝေးစေရန် စိုးရိမ်ပူဆွေး ငိုကြွေးကင်းရန် ကိုယ်စိတ်ဆင်းရဲ ချုပ်စဲဘို့၇န် မဂ်နိဗ္ဗာန် အမြန်ဆိုက်ေ၇ာက်၇န် တလမ်းထဲ ပွါးမြဲသတိပဌာန်။ လို့ဆိုထားတယ်လေ ဒီတော့ ကိလေသာ အညစ်ကြေးတွေ ကင်းစင်ကြောင်း အလုပ်ကို လုပ်နေစဉ် ကာလအပိုင်းအခြားလေးမှာတော့ လူ့သံယောဇဉ်လေးတွေ ဖြတ်ထားကြရအောင်....................                                                                      

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ