Sunday, May 29, 2011

အမှိုက်တွေကုန်အောင်ရှင်း

        တနေ့ ခရေပင်ကြီးအောက် တံပျက်စည်းလှဲယင်း တွေးမိတဲ့ အတွေးလေးပါ ၊ အမှိုက်တွေကလည်း လှဲလို့ကို မကုန်နိုင်ဘူး ၊ ရှေ့ကလှဲလိုက် နောက်က သစ်ရွက်တွေက ကျလာလိုက်နဲ့ ၊ အဲ့ဒီတော့ စဉ်းစားမိတယ် ဒီအပင်ကြီး ရှိနေလို့သာ ဒီအမှိုက်တွေကို မရှင်းနိုင်တာပဲ ဒီအပင်ကြီးသာ မရှိတော့ရင် ဒီနေရာမှာ ပြောင်ရှင်း သပ်ရပ် နေမှာပဲပေါ့လေ ။ အဲ့ဒါနဲ့ စိတ်ကူးထဲမှာ အပင်ကြီးကို လှဲပစ်လိုက်တယ် ။ နောက်နေ့ကျတော့ သစ်ရွက်တွေ အမှိုက်တွေ မရှိတော့ဘူးပေါ့....အားလားလား...ဘယ်ဟုတ်မလဲ သစ်ရွက်တင်မဟုတ်ဘူး အမှိုက်ပေါင်းစုံ ရောက်နေပြန်ပြီ ဘာကြောင့်ဘာလိမ့် စဉ်းစားလိုက်တော့ ၊ အော်...မနေ့ညက မုန်တိုင်း ၀င်သွားတာကိုး ။ ကဲဘယ့်နယ်ရှိစ ၊ ဒီအပင်ကြီးမရှိတော့ရင် ဒီအမှိုက်သလိုက်တွေ ရှင်းသွားမှာပါဆို ပိုတောင် ဆိုးနေပါသေးလား။        ။အဲ့ဒီလိုပါပဲ တရားအားထုတ်တယ် ဆိုတာဟာလည်း မိမိရင်ထဲက ကိလေသာ အမှိုက်တွေကို တဖြည်းဖြည်း ပါးသထက် ပါးအောင်လို့ ရည်ရွယ်ပြီး အားထုတ်ကြရတာ မဟုတ်လား ၊ ဒါကြောင့် မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့တယ်လေ လူဟာ လူ့သံယောဇဉ် မဖြတ်ပဲ တရားအားထုတ်ရင် ဘယ်တော့မှ မဂ်ဥာဏ် ဖိုလ်ဥာဏ် မရနိုင်ဘူး ၊ ဆိုတာလေ....ရှေ့က ကိလေသာတွေ ရှင်းထုတ်လိုက် နောက်က တသီကြီးဝင်လာလိုက်နဲ့ သစ်ပင်ကြီးအောက် တပျက်စည်းလှဲနေသလိုပါပဲ ၊ ကဲဒီလိုဆိုလည်း သစ်ပင်ကြီးကို လှဲပစ်လိုက်သလို သံယောဇဉ် အိမ်ကြီးကို လှဲဖြိုလိုက်ကြရအောင်(တရားအားထုတ်နေစဉ်ကာလကိုပြောတာနော် )။ ။ ပြင်ပက ကိလေသာမုန်တိုင်းတွေ ၀င်မလာနိုင်အောင်လည်း တံတိုင်းကြီးကြီးနဲ့ ကြိုတင် ကာကွယ်ထားကြရအောင် ။ ။                                                                                                                                                                                                                       

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ