Sunday, May 22, 2011

ဒယ်အိုးမလောက်မှာစိုးလို့

      ဒီနေ့ မြို့ထဲကို ဆွမ်းခံထွက်တဲ့အချိန် စဉ်းစားစရာတခု တွေ့ခဲ့သေးတယ်၊ ဆွမ်းလောင်းကြတဲ့သူတွေတော့ တော်တော်လေး များကြတယ် ဒကာတွေကော ဒကာမတွေကော ခလေး လူကြီး အစုံပါပဲ၊ အဲ့ဒီမှာ တွေးမရတာ တခု ရှိတယ် ။ ဘာများလည်းဆိုတော့ ခြေထောက် တစုံပေါ့.....ခြေသည်းလေးတွေမှာ အရောင်တွေ ဆိုးထားလိုက်တာများ အစိမ်းအောက်ခံမှာ အ၀ါရောင်ပန်းပွင့်လေးတွေနဲ့ တော်တော်လေးကိုလှတာ ခြေဖမိုးလေးကလည်း ဖေါင်းဖေါင်း အိအိလေး......အဲ့ဒီလိုများလားပေါ့လေ အတွေးလေးနဲ့ ကြည့်လိုက်မိတော့   အကြောလေးတွေက ဖြူဖွေးနေတဲ့ဖမိုးပေါ်မှာ စိမ်းလို့ ဒါပေမဲ့လေ ပညာရှိတို့ တွေးကြည့်တာ အမြင်နဲ့ တခြားစီ ပဲသိလား အသားအရေတွေက ရွတ်တွပြီး မဲ့ခြောက်တွေနဲ့ ပြည့်လို့ ......အဲ့ဒီမှာစဉ်းစားမိတာပါ ဒီဒကာမအဖွါးကြီး ငါဘယ်အသက် ဘယ်အရွယ် ရောက်နေပြီလည်း ငါ့အသက်အရွယ်နဲ့ သင့်တော်၏ မသင့်တော်၏ မစဉ်းစားမိဘူးထင်တယ်....ကြားဘူးတာလေး တခုရှိတယ် အလှပြင်တာဟာ ကိုကို့အတွက်ပါ ဆိုတာလေ.....အခု ဒီဒကာမ အဖွါးကြီးကတော့ ဘယ်သူ့အတွက်များပါလိမ့် ငရဲပြည် ရောက်လို့ရှိရင် ငရဲမင်းကြီးကို လာဒ်ထိုးဖို့အတွက် ပြင်ဆင်ထားတာထင်တယ်နော်......တကယ်တန်း ပြင်ဆင်ရမှာက အသေမဦးခင်ဥာဏ်ဦးအောင် အလှပြင်ဖို့အချိန်ထက် တရားဘာဝနာ ကျင့်ကြံ ပွါးများ အားထုတ်ဖို့ အချိန်မဟုတ်လား သေမင်းကို လာဒ်ထိုးဖို့အတွက် ဒါတွေကို များများ ယူသွားရမှာ မဟုတ်လား။  တချို့ ရှိသေးတယ် ၊ အန်တီရေ ဘုန်းကြီးကျောင်း သွားရအောင် သီလလေးယူ ဥပုသ်လေးဘာလေးစောင့် ကြရအောင် ဆိုရင် ညီးတို့ပဲသွားကြပါအေ ငါ့မှာအလုပ်တွေ များလွန်းလို့ တဲ့။.......စိတ်တိုတိုနဲ့ ဘာတွေလျှောက်ရေးနေမိလည်း မသိပါဘူး ။ တိုက်ဆိုင်မှုများ ရှိခဲ့ရင်ခွင့်လွတ်ပါလို့ မပြာပါဘူး။ တိုက်ဆိုင်မှုရှိရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပါလို့ပဲ ပြောပါရစေ။ ငရဲပြည်မှာ ဒယ်အိုး မလောက်မှာ စိုးလို့ပါ။။               

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ