“မိုက်မဲတယ် ထင်ချင်ထင်တော့
ဘယ်သဇင်
မသေဆုံးပါသလဲ
ရှင်သန်တုံး
လှပမွှေးရီ
နှင်းဆီရဲ့
အချစ်တရား..” ဆိုတဲ့ ဆရာမကြည်အေးရဲ့
ကဗျာလေးတပုဒ်ပါ။ ဒီကဗျာလေးကို ကြိုက်လွန်းလို့ မှတ်စုထဲထည့်ထားတာ ကြာခဲ့ပါပြီ ။
မိတ်ဆွေတယောက်က နှင်းဆီပန်းစည်းလေး ကိုင်ပြီး “နှမျောလိုက်တာ
အကြာကြီးလည်းမခံဘူးနော် ဈေးကြီးကြီးပေးရပြီး ခဏလေးနဲ့ညိုးသွားပြီ” တဲ့လေ၊
အဲ့ဒီစကားကြားလိုက်လို့ ဒီကဗျာလေးကို အမှတ်ရသွားတာပါ။ တကယ်တော့ သဘာဝတရားက
ပေးထားသလောက်ပေါ့..။ အကြာကြီးခံပါတယ်ဆိုတဲ့ သဇင်တို့ သစ်ခွတို့တောင် အချိန်တန်ရင်
ညှိုးနွမ်းရသေးတာမို့လား။နှင်းဆီပန်းလေးကို အပြစ်မပြင်ကြပါနဲ့ သူလည်းသူ့သက်တန်း
ရှိသလောက် နေရတဲ့အချိန်လေးမှာ လုပ်သင့်တာကို လုပ်နိုင်သလောက် လုပ်သွားခဲ့တာပဲ၊
နီးစပ်ရာ လူတိုင်းကို စိတ်တွေလန်းဆန်စေတယ် သူ့ရဲ့မွှေးကြိုင်တဲ့
ရနှံ့လေးကိုပြန့်လွင့်ပေးခဲ့တယ်၊
ခဏတာလေး ရှင်သန်နေထိုင်သွားပေမယ့်
သူတို့ရဲ့ ရှင်သန်နေထိုင်မှုကို အချည်းနှီးနဲ့ ကုန်ဆုံးမသွားခဲ့ကြပါဘူး။ သူတို့တွေဟာ
ရှင်သန်နေထိုင်နိုင်တုန်းလေးကို ၀င့်ထယ်စွာနဲ့ လူတွေရဲ့ စိတ်နှလုံးကို
ငြိမ်းချမ်းမှုတွေ ပျော်ရွှင်မှုတွေပါ ပေးဆောင်ခဲ့ကြတယ်။
ဒီနှင်းဆီလေးလိုပဲ တို့တတွေလဲ
မနုဿတ္တဒုလ္လဘ ရခဲလှတဲ့လူ့ဘ၀ နေရတဲ့ ခဏလေးမှာ မိမိကိုယ်ကျိုးတခုတည်းသာ မကြည့်ပဲ၊
လောကအကျိုး သာသနာ့အကျိုး ရပ်ကျိုး ရွာကျိုး နိုင်ငံ့အကျိုးတို့ကို တတ်နိုင်သလောက်
၊ လုပ်သင့်တာကို လုပ်နိုင်သလောက် လုပ်သွားကြရအောင်
နှင်းဆီလေးတောင် မနွမ်းသေး၊
မကျွေသေး၊ မခြေက်သေးခင်အထိ သူတာဝန်ကို သူတာဝန်ကျေအောင် လုပ်ဆောင်သွားခဲ့တယ်လေ ။ ။