Monday, June 6, 2011

ငါးနှင့်တူတဲ့စိတ်


ရေမှာပျော်ပါး ၊ ရေနေငါး ၊ ဆယ်ထားကုန်းတွင် တင်လေလျှင်။ မတည်မရပ် ၊ မနေတတ် ၊ ဆတ်ဆတ်တုန်ကာ ခုန်သည့်သွင်။ ကာမဂုဏ်ပျော်ပါး ၊ စိတ်မိုက်အား ၊ တရားလုပ်ခွင် တင်လေလျှင်။ မတည်မရပ် ၊မနေတတ်၊ ဆတ်ဆတ်တုန်ကာ ခုန်မြဲပင်။ ကာမဂုဏ်ထံ၊ ပြန်ဖို့ရန်၊ ရုန်းကန်တတ်မြဲအမှန်ပင်။ စောင့်လျှောက်ရန်ခက်၊ တားရန်ခက်၊ ထိန်ခက်လျှပ်ပေါ်၊ လော်လီချင်။ ယင်းသည့်စိတ်အား၊ လွတ်၍ထား၊ များပြားဒုက္ခ မုချပင်။
စိတ်ကိုဆုံးမ
ယင်သို့သိမြင်၊ ပညာရှင်၊ စိတ်စဉ်ယဉ်ဖို့၊ ထိန်းမြဲပင်။ ရေမြားသစ်ကို၊ လိုသလို၊ ပုံကိုရအောင် ပြုသည့်သွင်။ စတ်ရုင်းအစဉ် ၊ ယဉ်အောင်ပင် ၊သွန်သင်ဆုံးမ ရမြဲပင်။ ဘာဝနာခွင် ၊စိတ်ကိုတင် ၊ အစဉ်ရှုပွါး ဆုံးမလျှင်။ ကိလေကင်းပ ၊ယဉ်ကျေးရ ၊ မုချ ချမ်းသာရမြဲပင် ။ (ချမ်းမြေ့ဆရာတော်)
   ရေမှာပျော်တဲ့ ငါးကို ကုန်းပေါ် တင်ထားလိုက်ရင် ဆတ်ဆတ်တုံကာ ခုန်နေသလို
   ကာမဂုဏ်မှာ ပျော်တဲ့ စိတ်ရိုင်းကိုလည်း ၊ တရားခွင်ပေါ် တင်လိုက်ရင်  (တရားအားထုတ်ခိုင်းရင်) ဆတ်ဆတ်တုန်ပြီး ၊ကာမဂုဏ် အမှောင်ထဲကို ပြန်ဖို့ပဲ ကြိုးစားနေကြတယ်လို့ ဆိုလိုတာနော် ။ ဒီတော့ တို့တတွေရဲ့ စိတ်ကို တရားအသိလေးနဲ့ ဆုံးမရမှာ မဟုတ်လား….ကြိုးစားပြီး လေ့ကျင့် ပွါးများ အားထုတ်ပါများလာရင် တရားနှင့်ပျော်ရွှင်သူတော်စဉ်များ ဖြစ်လာကြမှာပါ….ကဲ…တို့တွေကြိုးစားလိုက်ကြရအောင် ။

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ