Monday, June 13, 2011

ငါသေသောခါ

       ငါသေသောခါ ၊ အထက်မှာပါတဲ့၊ ဇနီးမယား၊ သမီးသားနဲ့၊ လင်သားအိမ်ရာ၊ စည်းစိမ် ဥစ္စာ၊ ရတနာ၊ ဂုဏ်ရှိန်၊ သြဇာ၊ အာဏာ၊ ရာထူး၊ မိတ်ဆွေ၊ ဘာတခုမျှ မပါသွားတာ သေချာတယ်နော် ။ ဒါပေမဲ့ ပါသွားနိုင်တာ၊ ယူသွားလို့ ရတာတော့ ရှိတာပေါ့ ။ အဲ့ဒါတွေကတော့၊ ဒါန၊ သီလ၊ ဘာဝနာ၊ တွေပါပဲ ။ ဒါကြောင့် မသေခင် လူ့ဘ၀ရစဉ် ခဏလေးမှာ၊ ဒါနတွေပြုကြရမယ်၊ သီလတွေ ဆောက်တည်ရမယ်။ အနည်းဆုံး၊ (၅)ပါးသီလတော့ လုံခြုံအောင် စောင့်ထိန်းရမယ်။ သတိပဌာန်လေးပါးမြတ်တရား၊ ၀ိပဿနာ ဘာဝနာတရားတို့ကို၊ အချိန်ရင် ရသလောက်၊ ကျင့်ကြံ၊ ပွါးများ၊ အားထုတ်ကြရမယ် ။ ရရှိထားတဲ့ လူ့ဘ၀လေးဟာ၊ ဘာမှကြာတာမဟုတ်ဘူးနော်။ အချိန်တွေက တဖြုတ်ဖြုတ်နဲ့ ကုန်ကုန်သွားတာလေ။ လူ့ဘ၀မှာသာ လုပ်လို့ရတာနော်။ ငရဲဘုံကို ရောက်သွားကြတဲ့လူတိုင်း ညည်းတွားကြတယ်တဲ့ ၊ ဒီငရဲဘုံက လွတ်လို့၊ လူ့ဘ၀သာရခဲ့ရင်၊ အကုသိုလ်အလုပ်တွေ ဘာတခုမှ မလုပ်တော့ပဲ ဒါန၊ သီလ၊ ဘာဝနာတရားတွေပဲ ကျင့်ကြံပွါများနေတော့မယ်လို့ ။ နောင်တတွေရကြတယ်တဲ့၊ ဒါပေမဲ့ လူ့ဘ၀ဆိုတာ၊ အင်မတန် ရခဲတာနော်။ မနုဿတ ဒုလ္လဘလို့ဆိုထားတယ်လေ ။ ဒါပေမဲ့ ရခဲလှတဲ့ လူ့ဘ၀ကို ရောက်ပြန်တော့လည်း ၊ မောဟဆိုတဲ့ အ၀ိဇ္ဇာတရားတွေ ဖုံးလွမ်းသွားပြီ ငရဲဘုံမှာတုန်းက၊ ညည်းတွား ၊ နောင်တရခဲ့တာတွေ မေ့သွားရောတဲ့။ အဲ့တာတွေ ပြန်သတိရအောင်၊ အစဖေါ်ပေးတာနော် ။ ဦးဇင်းလည်း၊ ငရဲရောက်တုန်းက အကြိမ်ကြိမ် ညည်းတွား၊ နောင်တရခဲ့မှာပဲ၊ အခုမှ အဲ့တာတွေ သတိပြန်ရလို့ လုပ်လိုက်ဦးမယ်၊ အချိန်ရတုန်းလေး ။မအို မနာ မသေပါခင် တက်သုတ်နှင်လျှက် ။ ။ ဒီလိုမှမဟုတ်ရင် နောင်ခါကာလ ချိန်လွန်ရဟု ၊နောင်တ တကြီး ၊သင်မညည်းလင့် ၊သေဘေး သင့်ကို ဦးလိမ့်မည် ။ ။

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ