Sunday, June 12, 2011

အချိန်သည် လူကိုမစောင့်


အပေါ်ကနာရီလေးကို သတိထားပြီး၊ ကြည့်ကြည့်ပါ ။ စက္ကန့်တံလေးဟာ၊ တရွေ့ရွေ့သွားနေတယ်နော်၊ တစက္ကန့် ပြောင်းသွားတိုင်း၊ အရင်အချိန် မဟုတ်တော့ဘူး။ အရင်စက္ကန့်ဟာ၊ ဖြစ်ပြီးတော့ ပျက်သွားပြီ ၊ နောက်ထပ် စက္ကန့်အသစ်ကလေး ၊ ထပ်ဖြစ်တယ်၊ အဲ့ဒီ စက္ကန့်အသစ်ဟာလည်း၊ ပျက်သွားပြီး၊ အသစ် ထပ်ဖြစ်ပြန်တယ် ။ ။အဲ့ဒီလိုပါပဲ မိမိတို့ ပိုင်တယ်လို့ထင်နေတဲ့ ခန္ဓာကိုယ်ကြီးဟာလည်း၊ တစက္ကန့်ပြောင်းတိုင်း တစက္ကန့် ၊ အသက်ကြီးသွားနေတာနော်၊ အရင်က နုပျိုနေတဲ့ ခန္ဓာဟာ၊ ချက်ချင်းပဲ၊ တစက္ကန့် အိုသွားပြီ ။ စက္ကန့်(၆၀) ဆိုရင်၊ တစ်မိနစ် အိုသွားပြီ ၊ (၃၆၀)ဆိုရင်၊ တစ်နာရီ အိုသွားပြီနော် ။ အရင်စက္ကန့်အချိန်က မိမိတို့ ခန္ဓာဟာလည်း၊ ပျက်သွားပြီး၊ အခုစက္ကန့်မှာ အသစ်ပြန်ဖြစ်တာပါပဲ၊ ဒီအသစ်ဟာလည်း၊ ပျက်သွားပြီး၊ အသစ်ထပ်ဖြစ်ဦးမှာပဲ ၊ ဖြစ်လိုက် ပျက်သွားလိုက်၊ အသစ်ပြန်ဖြစ်လိုက်နဲ့ပေါ့ ။ တကယ်လို့များ၊ ပျက်သွားတဲ့ ခန္ဓာဟာ၊ အသစ်ပြန်မဖြစ်တော့ဘူး၊ ဆိုတဲ့အချိန်ဟာ၊ သေတဲ့အချိန်ပေါ့။ ဟုတ်တယ်လေ၊ ပျက်သွားတဲ့ ခန္ဓာဟာ အသစ် ထပ်မဖြစ်တော့၊ သေပြီပေါ့ ။ မိမိတို့ ထင်နေတာက ၊ အရင်တုန်းကငါဟာ၊ အခုလည်း ငါပဲလို့ ထင်နေတာနော်၊ မနေ့ကနဲ့၊ ဒီနေ့ ပြောင်းလွှဲသွားတာ၊ ထင်မှ မထင်ရှားတာကိုး ။ ဒါပေမဲ့ ဟိုးအရင် ဆယ်နှစ်ကနဲ့ အခု ယှဉ်ကြည့်လိုက်ရင်တော့ ၊ သိသာထင်ရှားတာတော့ ငြင်းလို့ မရဘူးမဟုတ်လား ။ ဒါကြောင့် ၊ မအို မနာ မသေပါခင်၊ ပညာနှင့်ယှဉ်၊ ရှုဆင်ချင်လော့ ၊ အသေမဦးခင်ပေါ့ ။ ။

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ